ဆွီဒင်စာမျက်နှာ မှနွေးထွေးစွာကြိုဆိုပါတယ်

သင်္ကြန်ရေနဲ့အတူရွှင်လန်းကျပါစေ

မင်္ဂလါပါ အားလုံးကိုကြိုဆိုပါတယ်။ ဒီဘလော့မှမြန်မာများအတွက်ကဏ္ဍအစုံအလင်တိုဆွေးနွေးရာဘလော့တစ်ခုအဖြစ်ရည်၇ွယ်ပါတယ်လိုအပ်ပါက kmyo99@gmail.com ကိုဆက်သွယ် နိုင်ပါသည်၊ဒီဆိုက်မှလင့်ခ်များပျက်ရှိပါကကျွန်တော့ကိုအကြောင်းကြားစေလိုပါသည်။ကျေးဇူးတင်ပါသည်။

Monday, August 27, 2012

သင်ချစ်သူကို...နမ်းလိုက်ပါ။

သင့်မှာ ချစ်သူရှိပါသလား။ နောက်ပြီး ချစ်သူကိုရော မြတ်မြတ်နိုးနိုး နမ်းခဲ့ဖူးပါသလား။ ပြီးတော့ ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာကိုရော သိပါသလား။ ကဲ စိတ်ဝင်စားတယ်ဆိုရင် အောက်မှာရေးထားတဲ့ အနမ်းနဲ့ ကျန်းမာရေး ဘယ်နည်းဘယ်ပုံ ဆက်စပ်နေတယ်ဆိုတာကို ဆက်ပြီး ဖတ်ကြည့်ပေါ့နော်။

တကယ်တော့ လူတစ်ယောက်နဲ့တစ်ယောက် နမ်းတယ်ဆိုတာ ခံစားချက်အရရော၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေအရပါ ချစ်ခင်နှစ်လိုခြင်းဆိုတဲ့ သက်ရောက်မှုကို ဖွင့်ဆိုတာ ဖြစ်ပါတယ်။ လူတစ်ယောက်ကို နမ်းပြီဆိုရင် နမ်းတဲ့လူက အနမ်းခံရတဲ့သူကို ချစ်ပါတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲပေါ့။ ကဲ ဒါဆို အနမ်းနဲ့ပတ်သတ်တဲ့ Definitionလေးတစ်ခုလောက် ထုတ်ကြည့်ရအောင်။ သင်ကရော ဘယ်လိုမျိုး ဖွင့်ဆိုမှာလဲ။ အနောက်တိုင်းယုံကြည်မှုအရတော့ နမ်းတယ်ဆိုတာ "နှစ်လိုဖွယ် ခံစားဆက်ယှက်မှုကို ပါးစပ်ကမပြောဘဲ နှုတ်ခမ်းချင်း ထိတွေ့ပူးကပ်ပြီး ဖော်ပြတဲ့ ချစ်ခြင်းရဲ့သင်္ကေတ" လို့ ဖော်ပြထားပါတယ်။ နောက်ပြီးတော့ တစ်ယောက်ကိုတစ်ယောက် မြတ်မြတ်နိုးနိုး နမ်းရှုံ့ကြတဲ့ စုံတွဲတွေတိုင်း ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အချက်(၇)ခုကို အလိုလိုရရှိနိုင်တယ်တဲ့။ အဲဒီ(၇)ချက်က ဘာတွေလဲဆိုတော့

၁။ တစ်ယောက်ကိုတစ်ယောက် နမ်းနေကြတဲ့အခါ ချစ်သူစုံတွဲ နှစ်ယောက်လုံးရဲ့ သွေးကြောတွေဟာ ပြန့်ကားသွားပြီး သွေးခုန်နှုန်းကိုလည်း မြန်လာစေပါတယ်။ ဒါ့ကြောင့် သွေးကြောတွေထဲမှာ ပိတ်ဆို့နေတဲ့ အဆီတွေကို ချေဖျက်ပစ်ပြီး သွေးထဲမှာရှိတဲ့ ကိုလက်စထရော ပမာဏကိုလည်း ကျဆင်းစေပါတယ်။

၂။ နမ်းနေတဲ့အချိန်မှာ စုံတွဲနှစ်ယောက်လုံးရဲ့ မျက်နှာပေါ်မှာရှိတဲ့ ကြွက်သားမျှင် အခု(၃၀)လောက်ကို လှုပ်ရှားလာအောင် ဦးနှောက်က လှုံ့ဆော်ပေးပါသတဲ့။ ဒါကြောင့်လဲ မျက်နှာမှာရှိတဲ့ အရေပြားတွေမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်စေပြီး မျက်နှာတစ်ပြင်လုံး ပိုမိုချောမွေ့လာစေပါတယ်။ နောက်ပြီးတော့ မျက်နှာပေါ်မှာ ယှက်ဖြာနေတဲ့ ဆံချည်မျှင် သွေးလွှတ်ကြောတွေရဲ့ သွေးစီးဆင်းမှုကို ပိုပြီးကောင်းလာစေပါတယ်။

၃။ နောက်တစ်ခုကတော့ ၀တဲ့သူတွေ စိတ်ဝင်စားမယ့် ကိစ္စပါပဲ။ (၅)စက္ကန့်ကြာအောင် တစ်ခါနမ်းတိုင်း ကိုယ်တွင်းမှာ သိုလှောင်ထားတဲ့ အဆီပမာဏ (၁၂)ကီလိုရီ လောင်ကျွမ်းစေတယ်ဆိုပဲ။ ဒါကြောင့် ၀ိတ်ကျချင်ရင် ရည်းစားကို များများနမ်းကြပါ။


၎။ နောက်တစ်ခုကတော့ စိတ်နဲ့ဆိုင်ပါတယ်။ နမ်းခြင်းဟာ စိတ်ထဲမှာရှိနေတဲ့ ဖိစီးမှုတွေ၊ အားငယ်မှုတွေကို ချေဖျက်ပေးပြီး စိတ်ခွန်အား နိမ့်ကျခြင်း ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးတဲ့ ဟိုမုန်းဓာတ်တစ်မျိုး ဦးနှောက်က ထုတ်ပေးတာကိုလည်း တားဆီးပေးပါတယ်။ နောက်ပြီး ယုံကြည်မှု ပျောက်ဆုံးနေတဲ့ သူတွေတောင် ချစ်သူရဲ့အနမ်းကြောင့် ကိုယ့်ကိုယ်ကို အကြီးမြတ်ဆုံး သူရဲကောင်းကြီးတွေလို့ ထင်မှတ်လာတတ်တယ်လို့ သုတေသီတွေက အတည်ပြုထားပါတယ်။ ဒါကြောင့် ချစ်သူရဲ့အနမ်းဟာ အကောင်းဆုံးသော စိတ်ပိုင်းဆိုင်ရာ ကုထုံးတစ်ခုပါပဲ။


၅။ ပြီးတော့ အနမ်းဆိုတာ သဘာဝ ရောဂါကာကွယ်ဆေး တစ်မျိုးပါပဲတဲ့။ ဆေးပညာ သဘောအရ လူတစ်ဦးဆီမှာ ရှိနေတတ်ကြတဲ့ သဘာဝကိုယ်ခံစွမ်းအားတွေဟာ မတူညီကြပါဘူး။ ဒါပေမယ့် ချစ်သူနှစ်ဦး နမ်းကြတဲ့အခါ သူတို့တစ်ယောက်ချင်းစီမှာရှိတဲ့ ကိုယ်ခံပဋိဇီဝ စွမ်းအားတွေဟာ တံတွေးကနေတဆင့် ပေါင်းစပ်သွားပါတယ်။ အဲဒီကနေတဆင့် ကိုယ့်ချစ်သူမှာရှိပြီး ကိုယ့်ဆီမှာမရှိတဲ့ ရောဂါကာကွယ်မှု စွမ်းအင်တွေ ကိုယ့်ခန္ဓာကိုယ်ထဲ ပေါင်းစပ်ရောက်ရှိလာနိုင်ခြေဟာ ရာခိုင်နှုန်း(၈၀)ထိ ရှိတယ်ဆိုပဲ။ ဒီဖြစ်စဉ်ကို "အနမ်းဖြင့် ရောဂါကာကွယ်နည်း"လို့ စိတ်ပညာရှင်တွေက နာမည်ပေးထားပါတယ်။

၆။ နောက်ပြီး အနမ်းဟာ လူရဲ့ဦးနှောက် စွမ်းဆောင်ရည် တိုးတက်လာအောင် စနစ်တကျ နှိုးဆွပေးပါတယ်။ ဘယ်လိုအချိန်မျိုးမှာ သိသာလဲဆိုရင် ကိုယ့်ချစ်သူကို ပထမဆုံးအကြိမ် နမ်းဖူးတဲ့အခါ ပေါ်ပေါက်လာတတ်တဲ့ ရှိန်းကနဲ၊ ဖိန်းကနဲ ခံစားမှုမျိုးမှာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်တဲ့။ အဲဒီအခိုက်အတန့်မှာ လူတစ်ယောက်ရဲ့ ဦးနှောက်အရည်အသွေးဟာ ထိပ်ဆုံးအဆင့်ထိ တက်နေပြီးတော့ ကိုယ်ရည်ကိုယ်သွေးကလည်း အမြင့်မားဆုံး ဖြစ်နေတတ်တယ်လို့ ဆိုပါတယ်။

၇။ နောက်ဆုံးတစ်ခုကတော့ သင်ကိုယ်တိုင်ပဲ စမ်းကြည့်ပြီးမှ ယုံပါတော့။ အဲဒါက ဘာလဲဆိုတော့ ချစ်သူကို နမ်းရတာ ရင်ခုန်ကြည်နူးစရာ ကောင်းတယ်တဲ့။ နောက်ပြီး ပျော်စရာလဲ ကောင်းပါတယ်တဲ့။ ဘယ်လိုလဲ။ ဟုတ်ရော ဟုတ်ရဲ့လား???
         ယောင်္ကျားများကို အန်စေသော မိန်းမပုံစံများ 

၁.ယောင်္ကျားတွေကို တစ်ကယ်မချစ်ပဲနဲ့ အလွယ်တစ်ကူ ချစ်တယ်လို့ ပြောတဲ့ မိန်းမ။
၂.ယောင်္ကျားတွေကို အမျိုးမျိုး နဲ့ မြူဆွေပြီး ကိုယ့်ဘက်ကိုပါ လာအောင် လုပ်တတ်တဲ့ မိန်းမ။
၃.ယောင်္ကျားတွေဆီက ဟိုဟာဝယ်ပေးပါ၊ ဒီဟာ ၀ယ်ပေးပါ တောင်းတတ်သေားမိန်းမ။
၎.စကက် တိုတိုဝတ်ပြီး ယောင်္ကျားလေးတွေကို စိတ်ကြွအောင် လုပ်တတ်တဲ့ မိန်းမ။
၅.ရုပ်ဖြောင့်တဲ့ ယောင်္ကျားတွေကို ရွေးပြီး ချစ်တတ်သော မိန်းမ။
၆.ဆံပင်ရှည် ထားပြီး ဆံပင်ကို သန့်ရှင်းအောင်မထားတတ်တဲ့ မိန်းမ။
၇.ကိုယ့်ရင်ထဲက တစ်ကယ်ချစ်နေတဲ့ ယောင်္ကျားလေးတစ်ယောက်ကို ချစ်တယ်လို့ ဖွင့်မပြောပဲ့ မချစ်သလိုလို နေတတ်တဲ့  မိန်းမ။
၈.ထမင်းမချက်တတ်သော မိန်းမ။
၉. အလုပ် လုပ်ရမှာကို ပျင်းတတ်သေား မိန်းမ။
၁၀.Online ပေါ်မှာ ယေင်္ကျားလေးတွေကို အီစီကလီ လုပ်တတ်သော မိန်းမ။
၁၁. မိန်းမ ဖြစ်ပြီး နူတ်ခမ်းမွေး ရှိတတ်သော မိန်းမ။
၁၂. မိန်းမ ဖြစ်ပြီး ယောင်္ကျားလို နေတတ်သော မိန်းမ။
၁၃.ကိုယ့်ချစ်သူနဲ့ စကားပြောတဲ့အခါ ရောဂါသည် တစ်ယောက်လို နွဲ့ ပြီး ပြောတတ်သော မိန်းမ။
၁၄.ဖုန်းဘယ်(လ်)တက်မှာကြောက်လို့ သူများကို Miss call ပေးပြီး ဟိုဘက်က ပြန်အခေါ်ကို စောင့်တတ်သော မိန်းမ။
၁၅.စကက်ကို အတိုဆုံးဝတ်ပြီး ဟိုပေါ် ဒီပေါ် မှာကို ရှက်တတ်သေား မိန်းမ။
၁၆.လွယ်လွယ်နဲ့ စိတ် ဆိုးတတ်တဲ့ မိန်းမ။
၁၇.သူမခေါ်ရင် ကိုယ်လည်း မခေါ်ဘူးဆိုပြီး မာနကြီးတတ်သော မိန်းမ။
၁၈.ကိုယ်နဲ့ မတူသလို မတန်သလို ဆက်ဆံပြီး စကားပြောတတ်တဲ့ မိန်းမ။
၁၉.လောဘ ကြီးတတ်သော မိန်းမ။
၂၀.အရက်တွေကို အလွန်အကျူး သောက်တတ်တဲ့ မိန်းမ။
၂၁.ယောင်္ကျားရှိလျှက်နဲ့ တစ်ခြားယောင်္ကျားနဲ့ အတူတူနေတတ်တဲ့ မိန်းမ။
၂၂.ပိုက်ဆံ ရှိတယ်ဆိုပြီး ဆင်းရဲ့ တဲ့ ယောင်္ကျားတွေ အပေါင်းသင်းမလုပ်ချင်တဲ့ မိန်းမ။
၂၃.ဘ၀ကို တန်ဖိုးမထားတတ်တဲ့ မိန်းမ။
၂၄.ညနေ ၁၁ ခွဲ ၁၂ လောက်မှာ ယောင်္ကျားတွေနဲ့ အတူတူ လမ်းလျှောက်တတ်တဲ့ မိန်းမ။
၂၅.မိဘတွေ့ ပြောဆိုဆုံးမမှု့ကို မနာခံပဲ တစ်ဇွတ်ထိုး လုပ်တတ်တဲ့ မိန်းမ။
၂၆.မစဉ်းစားမခြင်ဆင်ပဲ့ စကားကို လွယ်လွယ်ပြောတတ်တဲ့ မိန်းမ။
၂၇.ကိုယ့်ချစ်သူက တစ်ခြားမိန်းကလေးတစ်ယောက်နဲ့ အတူတူသွားနေတာကို တွေ့ ရင် သ၀န်တိုတတ်သော မိန်းမ။
၂၈.ချစ်သူကို ဟိုမလုပ်ရ ဒီမလုပ်ရဆိုပြီး ချုပ်နှောင်တတ်သော မိန်းမ။
၂၉.သူများဆီက လိုချင်ပြီး ကိုယ့်ဆီက ပြန်ပေးရမှာကို ကြောက်တတ်တဲ့ မိန်းမ။
၃၀.သွားကို တစ်ကြိမ်ပဲ တိုက်တတ်ပြီး သူများနဲ့ စကားပြောတဲ့ အခါ ကိုယ့်ဆီက အနံ့ ထွက်တာကို မသိတဲ့ မိန်းမ။
၃၁.ယောကျာင်္လေး သူငယ်ချင်နဲ့ အတူသွားတဲ့ အခါ ချစ်သူမြင်မှာ မိသားစုတွေ့ မှာကို ကြောက်တတ်တဲ့ မိန်းမ။
၃၂.သနားကြင်နာစိတ် ကိုယ်ချင်းဆာနာစိတ် မရှိတတ်သော မိန်းမ။
၃၃.စကားကို နောက်သလိုလိုနဲ့ သူများကို အပြစ်တင်တတ်သော မိန်းမ။
၃၄.ပါးစပ်က ခင်တယ်ပြောပြီး လက်တွေ့ ခင်အောင် မပေါင်းတတ်တဲ့ မိန်းမ။
၃၅.မသွားချင် မလိုက်ချင်ဘူးဆိုရင် အမှန်တိုင်းမပြောပဲ့ အကြောင်းအမျိုးမျိုးပြပြီး ငြင်းတတ်တဲ့ မိန်းမ။
၃၆.ချစ်သူတစ်ယောက် အပေါ်မှာ တာဝန်မကျေတတ်တဲ့ မိန်းမ။
၃၇.ကျေးဇူး မသိတတ်သော မိန်းမ။
၃၈.ပိုက်ဆံမရှိ့ပဲ့ သူဌေး လိုဟန်ဆောင်တတ်တဲ့ မိန်းမ။
၃၉.အထင်လွဲ့ ခံရတဲ့ သူကို ရှင်းပြခွင့်မပေးပဲ့ လွယ်လွယ်နဲ့ မုန်းတတ်တဲ့ မိန်းမ။
၄၀.ယောကျာင်္းတွေကို နာကြင်အောင် လုပ်တတ်တဲ့ မိန်းမ။                       

Monday, August 20, 2012

♥…အချစ်…♥ 

                    
 ♥အချစ်♥
     ဆိုတာ လူတန်းစားမရွှေး
               ရှုးသွပ်စေနိုင်တယ်……
သင်
     ချစ်ခဲ့မိလျှင်
          သင်ရှုံးကိုရှုံးမည်…….
♥အချစ်♥
       ဆိုတာ လူတန်းစားမရွှေး
                   ရှုးသွပ်စေနိုင်ပေမယ့်
                           လူတန်းစားခွဲခြား သူတွေအတွက်နဲ့ ………
                                          ကျွှန်တော့်အသည်းကွဲခဲ့ ဘူးသည်။
                                                                        sky smith (အဆွေးသူ)

 

Wednesday, August 15, 2012

ှဆွီဒင်တိရတနာ ဘုန်းတော်ကြီးကျောင်း

တိရတနာမြန်မာဘုန်းတော်ကြီးကျောင်းနေရာ

" တိရတနာ ဘုန်းတော်ကြီးကျောင်း အတွက် ပရိဘောဂ လိုအပ်မှုများ ပါဝင်လှူဒါန်းနိုင်ကြ ပါကြောင်း နိုးဆော်လိုက်ရပါသည် "
စာချဆရာတော် ဦးစန္ဒိမာ၏ လေ့လာရေးခရီးစဉ် ၂၅ဇူလိုင် မှ ၂သြဂုတ်
Hallsberg, Gävle, Ljusdal, Hudiksvall, Ilsbo, Bjästa ............ read more